တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်တချို့ဈေးတက်

Powered by Drupal

    တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ စားအုန်းဆီမှာ  တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ကြက်သွန်နီအသေးမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အလတ်ရောတစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၂၆၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၂၆၀၀ကျပ်တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

  ကြက်သွန်ဖြူအသေးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၈၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အသေးတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပါသည်။

  အာလူးအသေးမှာ တစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ယခင်အပတ်တွင် အကြီးတစ်ပိဿာလျှင် ၃၂၀၀ကျပ်နှင့် တရုတ်အာလူးတစ်ပိဿာလျှင် ၃၂၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အကြီးတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပါသည်။

   ငရုတ်သီးခြောအပုမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိသာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲံပြီး ငရုပ်သီးခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ ငရုပ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မြေပဲဆံ (အနီ) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၈၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်တက်ပြီး မြေပဲဆံ (အဖြူ) မှာ တစ်ပိဿာလျှင် ၇၆၀၀ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၈၀၀ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)