တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်အကျရှိ

Powered by Drupal

   တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ယခုအပတ်တွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ 

   ခရမ်းသီး (အဖြူ) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်အထိ၊ ခရမ်းသီး (အညို) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင်  ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။

      ဒေသသခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၈၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀ကျပ်အထိ၊ ဂေါ်ဖီမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၁၀၀ကျပ်‌အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

    ခရမ်းချဉ်သီး (ရှမ်းပြည်သီး) မှာ တစ်ပိဿာလျှင် ၁၇၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ၊ ခရမ်းချဉ်သီး (ဒေသသီး) မှာ တစ်ပိဿာလျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      နံနံပင်မှာ ယခင်အပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိ၊ မုန်ညင်းဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး မုံလာဥဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ၊ မုံလာဥနီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

   ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၆၀၀ကျပ်၊ ကင်ပွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၁၅၀ကျပ်၊ ၁၀စည်းယူလျှင် ၁၂၀၀ကျပ်တို့ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)