စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) နှင့် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီလက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား လူတစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် (၁-၈-၂၀၂၃) ရက်နေ့တွင် ဇေယျဝတီရပ်ကွက်နှင့် ယိုးဒယားကုန်းရပ်ကွက်၊ (၂-၈-၂၀၂၃) ရက်နေ့တွင် ဝဲဒေါင့်နှင့် ဘုံကျော်ကွက်သစ်ရပ်ကွက်၊ (၃-၈-၂၀၂၃) ရက်နေ့တွင် သစ်ညိုကုန်းရပ်ကွက်နှင့် မြေတံတားရပ်ကွက်၊ (၅-၈-၂၀၂၃) ရက်နေ့တွင် မင်းရပ်တန်းနှင့် ပိတောက်ချောင်းကုန်းရပ်ကွက် စသည့်ရပ်ကွက်များသို့သွားရောက်၍ Mobile စနစ်ဖြင့် တစ်ရက်လျှင် ရပ်ကွက် (၂) ခု၊ တစ်ရပ်ကွက်လျှင် စားသုံးဆီပေပါ (၅) လုံး၊ တစ်နေ့လျှင် ဆီပေပါ (၁၀) လုံး၊ လူတစ်ဦးလျှင်(၁) ပိဿာနှုန်းစီဖြင့် စားသုံးသူပြည်သူများအားရောင်းချခဲ့ပြီး စားသုံးသူပြည်သူများက စနစ်တကျတန်းစီ၍ ဝယ်ယူအားပေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)