ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့မဈေးအတွင်း၌ရောင်းချနေသေ ာစားသုံးဆီများအား စားသုံးသူများဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး စည်ပင်သာယာရေး အဖွဲ့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
အဆိုပါဈေးအတွင်းရှိ အရောင်းဆိုင်များ၌ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားနှင့်ကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသောကုန်စည်များမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချကြရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီးနောက် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအတိုင်း သတ်မှတ်ချက်နှင့်အညီဆောင်ရွက်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)