ဩဂုတ်လ၊ ပထမပတ်အတွင်းဖြစ်ပေါ်နေသော နွေစပါးနှင့် ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင်  နွေစပါးနှင့် ဆန်ဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဩဂုတ်လ၊ ပထမအပတ်တွင် ၂၀၂၃ခုနှစ်ထွက်  နွေစပါး ရွှေဝါထွန်းစပါး တင်း (၁၀၀) လျှင် (၁၇၀၀၀၀ဝိ/-) ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၇၇၀၀ဝိ/-) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်စက်ပိုင်များထံမှသိရှိရပါသည်။ ဇူလိုင်လ၊ လကုန်အပတ်၌ ရွှေဝါထွန်းစပါး တင်း (၁၀၀) လျှင် (၁၆၀၀၀၀ဝိ/-) ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၇၀၀၀ဝိ/-) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ဩဂုတ်လ၊ ပထမအပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဩဂုတ်လ၊ ပထမပတ်တွင် ဇူလိုင်လ၊ လကုန်အပတ်ထက် ရွှေဝါထွန်းစပါး တင်း (၁၀၀) လျှင် (၁၀၀၀၀ဝိ/-) ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၇၀၀ဝိ/-) ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူ၌ ရွှေဝါထွန်းစပါး တင်း (၁၀၀) လျှင် (၉၀၀၀၀ဝိ/-) ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၃၂၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ရွှေဝါထွန်းစပါး တင်း (၁၀၀) လျှင် (၈၀၀၀၀ဝိ/-) ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၄၅၀၀ဝိ/-) ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်သော်လည်း ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်စက်ပိုင်ရှင်နှင့် ကုန်သည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)