စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် (၉-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျွန်းလှမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် Online Shopping ဝန်ဆောင်မှု၊ Online ရောင်းချမှုမှတ်ပုံတင်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စာသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးစီးဦးဖိုးချိုက စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်အကြောင်း၊ Online ရောင်းချမှုမှတ်ပုံတင်ပြုလုပ်ရန်နှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွတ်တော်ဥပဒေအမှတ် ၉ဖြင့်ပြဋ္ဌာန်းခဲ့ပြီး အခန့်ပေါင်း (၂၅) ခန်း၊ ပုဒ်မပေါင်း (၈၄) ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူလိမ်လည်လှည့်ဖြားခံရမှုများကြောင့် Online ရောင်းချမှုမှတ်ပုံတင်ခြင်းဆိုင်ရာများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည့်အကြောင်း၊ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း၊ Online ရောင်းချမှုမှတ်ပုံတင်ခြင်းအတွက် လူကိုယ်တိုင်သွားရောက်၍ လျှောက်ထားစရာမလိုဘဲ Online မှဆောင်ရွက်ပေးမည့်အကြောင်း၊ Online ရောင်းချမှုမှတ်ပုံတင်ကြေးများနှင့်ပတ်သက်ပြီး အသက်သာဆုံးနှင့်ဆောင်ရွက်ကာ Online Banking စနစ်ဖြင့် ပေးချေဆောင်ရွက်ရမည့်အကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်မြောက်သည့်နေ့မှစတင်၍ အသက်ဝင်လာပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှုများဖြစ်လာနိုင်သည့်အတွက် Online Shopping လက်ရှိအမှန်တကယ်ရောင်းချနေသူများကိုလည်း Online မှတ်ပုံတင်များဆောင်ရွက်ထားကြရန်အကြောင်းတို့ကို တိုက်တွန်းပြောကြားချင်ကြောင်း၊ Online ရောင်းချမှုမှတ်ပုံတင်ခြင်းလျှောက်ထားဆောင်ရွက်ရမည့် အချိန်ကိုလည်း လျှောက်ထားဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်အတူ အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားကာ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆိုသည်မှာ တစ်ကြိမ်တစ်ခါဆောင်ရွက်ရုံ၊ တစ်ကြိမ်တစ်ခါဆွေးနွေဟောပြောရုံနှင့် ပြီးဆုံးသွားခြင်းမျိုးမဟုတ်ဘဲ စားသုံးသူပြည်သူများအတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး “ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ်၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးတွေရှိတယ်” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူကာကွယ်ရေးဥပဒေပါအတိုင်း မိမိတို့လိုက်နာရမည့်တာဝန်များကို လိုက်နာရန်လိုအပ်သကဲ့သို့ နစ်နာဆုံးရှုံးမှုများရှိလာလျှင်လည်း ရရှိမည့်အခွင့်အရေးတို့ကို နားလည်သဘောပေါက်ပြီး တောင်းဆိုတတ်သူများဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုပြောကြားကာ နိဂုံးချုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)