
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်များတွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၁၄.၀၀၀)၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၆.၅၀၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၁.၈၁၄)၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၀.၂၄၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၂.၀၅၄) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၄) လတာလျာထားချက်အပေါ် (၃၃.၄၀)% သာဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။
(၂၉-၇-၂၀၂၃) ရက်နေ့မှ (၄-၈-၂၀၂၃) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နိုင်မှုမှာ ပို့ကုန်/ သွင်းကုန်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိပါကြောင်း၊ ကုန်သွယ်မှုပမာဏလျော့နည်းရခြင်းမှာ တစ်ဖက်နိုင်ငံက မိုရေးမြို့၊ နယ်စပ်ဂိတ်အား Covid-19 ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန်အတွက် ၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၀) ရက်နေ့မှစတင်ပိတ်ထားခဲ့ပြီး မြန်မာနိုင်ငံဘက်မှလည်း သံတံတားဂိတ်၊ ဂိတ်အမှတ် (၂) တို့အား ယနေ့အထိ ယာယီပိတ်ထားသည့်အတွက်ကြောင့်လည်းကောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ သံတံတားဂိတ်၊ ချစ်ကြည်ရေးတံတားဂိတ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မိမိဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် များမကြာမီတွင် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပမာဏတိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)