သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၂) ရက်နေ့ မှ ဩဂုတ်လ (၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံး ကြီး ကျပ် ၂၅၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၃၀၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၅၀၀၊ ပုပ္ပါးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ်  ၄၀၀၊ အလုံးသေး ကျပ် ၃၀၀ ၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၁၀၀၀ ၊ အလုံးလတ် ကျပ် ၈၀၀ ၊ အလုံးသေး ကျပ် ၇၀၀၊ မန္တလေး မှ သရက်သီး (ရင်ကွဲ) တစ်သေတ္တာ အလုံးကြီး ကျပ် ၂၈၀၀၀၊ အလုံးလတ် ကျပ် ၂၅၀၀၀၊ အလုံးသေး ကျပ် ၂၀၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ဖာ အလုံးကြီး ကျပ် ၂၀၀၀၀ ၊အလုံးလတ် ကျပ် ၁၅၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၀ ၊ ရေးမှ ဒူးရင်းသီး အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀ ၊ အောင်ပန်း၊ နောင်ချို မှ ရွှေလိမ္မော်သီး အလုံးကြီး ကျပ် ၁၀၀၀၊ အလုံးသေး ကျပ်၇၀၀၊ ကျောက်ဆည် မှ ရွှေဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀၊ ကလော မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၅၅၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၀ ဈေးတို့ ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA (ရန်ကုန်)