တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

   အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၂)ရက်နေ့မှ ဩဂုတ်လ(၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါ တယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး (ပိဿာ)ကျပ် ၂၇၀၀ မှ ၂၈၀၀ အတွင်း၊ မုန့်လာဥနီ(ပိဿာ) ကျပ် ၂၈၀၀ မှ ၃၆၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၇၀၀ မှ ၂၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၁၄၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၂၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၈၀၀ မှ ၂၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၀၀၀ မှ ၉၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၀၀၀ မှ ၇၂၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၅၀၀ မှ ၅၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၀ မှ ၁၂၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀ မှ ၆၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ကျပ် ၁၆၀၀ မှ ၂၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၃၁၂၁၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၁၃၈၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၄၁၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၁၁၁၅)ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၄၅၈၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၆၅၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (၆၈၈၅)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၆၈၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်းသိရပါတယ်။

DOCA (ရန်ကုန်)