ဩဂုတ်လ၊ ဒုတိယပတ်တွင် ဓါတ်မြေဩဇာဈေးများ အနည်းငယ် အတက်၊ အကျရှိပြီး ပိုးသတ်ဆေးဈေးနှုန်းများ ဈေးငြိမ်နေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

     ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၂၀၂၃ခုနှစ်၊ဩဂုတ်လ၊ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၄၄၀၀ဝိ/-)၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၂၀၀၀ဝိ/-)၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၆၅၅၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၀၅၀ဝိ/-)၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၇၈၀၀ဝိ/-)ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Literတစ်ဗူးလျှင် (၁၅၅၀ဝိ/-)၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၂၅၀ဝိ/-)၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဗူးလျှင် (၂၈၅၀ဝိ/-)၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဗူးလျှင် (၂၉၅၀ဝိ/-)၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500gတစ်ဗူးလျှင် (၉၀၀ဝိ/-)ဖြစ်ကြောင်း၊  ယခုတစ်ပတ်တွင်  အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာနှင့် ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာများမှာ ယခင်အပတ်ထက် ဈေးအနည်းငယ်မြင့်တက်လာပြီး ကျန်အမှတ်တံဆိပ် ဓါတ်မြေဩဇာများမှာ ဈေးအနည်းငယ်ကျ၍ ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများအတိုင်း အတက်၊ အကျမရှိဘဲ ဈေးငြိမ်နေပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခင်အပတ်ကဲ့သို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)