ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

   ၂၀၂၃ခုနှစ်၊ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁) ပိဿာလျှင် (၁၆၀၀၀)ကျပ်၊  မာလကာသီး (၁)လုံးလျှင် (၃၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံး လျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်ထိ၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်ထိ၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျော သီး(၁)ဖီးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်ထိ၊ ဖရဲသီးအသေး(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ ဖရဲသီးအကြီး (၁)လုံးလျှင် (၅၀၀၀)ကျပ်၊ ကြက်မောက်သီး (၁)တွဲလျှင် (၁၅၀၀)ကျပ် ၊နာနတ်သီး (အသေး) (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ နာနတ်သီး (အကြီး) (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၇၀၀)ကျပ်၊ ဒူးရင်းသီး(၁)လုံးလျှင် (၁၃၀၀၀)ကျပ်၊ ရင်ကွဲသရက်သီး (၁)လုံး လျှင် (၂၀၀မှ၂၅၀)ကျပ်ထိဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)