မအူပင်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စားသုံးဆီများရောင်းချနေမှုအား စိစစ်ဆောင်ရွက်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဌာနဆိုင်ရာများဖြင့်နှင့်အတူ (၉-၈-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် မအူပင်အဝေးသင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကွန်ပြူတာတက္ကသိုလ်မှ ဝန်ထမ်းမိသားစုများနှင့် မအူပင်မြို့နယ်အတွင်း ရပ်ကွက်အသီးသီးရှိ ပြည်သူများအတွက် ဈေးကားဖြင့် စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေမှုများအား စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ စိစစ်ဆောင်ရွက်မှုတွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများက လက်ကားကုန်သည်များထံသို့ ဖြန့်ဖြူးရောင်းချသည့်စားသုံးဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းထည့်ကာ အမြတ် ၂ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်အသီးသီးသို့ ဈေးကားဖြင့် လှည့်လည်ရောင်းချ၍  လူးတစ်ဦးလျှင် တစ်ပိဿာနှုန်းစီရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရန်၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရရှိစေရန်၊  စနစ်တကျအလှည်းကျတန်းစီစနစ်ဖြင့် ပြည်သူများဝယ်ယူရရှိနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)