ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ (၁၁) ရက်နေ့၊ နံနက် (၁၀ : ၃၀) နာရီတွင် ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်တို့သည် ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်များရှိ ကုန်မျိုးစုံရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်သို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စစ်ဆေးရေးအရာရှိနှင့် ပူးပေါင်းအဖွဲ့များသွားရောက်စစ်ဆေးရာတွင် သက်ဆိုင်ရာဌာန၏ FDA ထောက်ခံချက်မပါသည့် စားသုံးဆီမျိုးစုံရောင်းချနေသောဆိုင် (၇) ဆိုင်မှ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံခဲ့ကြရာတွင် ဒု-တိုင်းဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့်ကုန်စည်များကို ရောင်းချခြင်းမပြုရန်ပြောကြားပြီး စားသုံးသူအကာအကွယ်ပေးရေးဥပဒေများကိုရှင်းလင်း၍ စားသုံးသူရေးရာဦးစီးဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီက စားသုံးသူကာကွယ်ရေးဥပေဒေများ၊ လုပ်ငန်းရှင်၏တာဝန်များကိုရှင်းလင်းခဲ့ပြီးနောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်ကလည်း ကုန်ညွှန်းအမှတ်အသားဥပဒေပါ အကြောင်းအရာများကိုရှင်းလင်း၍ နောင်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များသာရောင်းချရန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)