မင်းဘူးမြို့မဈေးအတွင်းရှိ ဆန်၊ စားသုံးဆီ၊ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်ဖြစ်သည့် ဧရာပဒေသာဆန် (၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀-၁၂၀၀၀၀)၊ မနောသုခ ဆန်(၁)အိတ်လျှင် ကျပ်(၇၅၀၀၀-၈၀၀၀၀)ဖြစ်ပြီး (ဒုတိယပတ်)တွင် ဧရာပဒေသာဆန် (၁)အိတ်လျှင် ကျပ်(၁၁၀၀၀၀-၁၃၀၀၀၀)ဖြစ်၍ ယခုအပတ်တွင် ဈေးအနည်းငယ်တက်နေကြောင်း၊ မနောသုခဆန်မှာ ယခုအပတ်တွင် ဈေးငြိမ်နေကြောင်း ရောင်းချနေသောဆန်ဈေးသည်ထံမှ သိရှိရပါသည်။

   ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၂၀၀)ဖြစ်ပြီး ရေနံချောင်းမြို့နယ်၊ ပင်းချောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ပွင့်ဖြူ(မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များမှ ထွက်ရှိသော ကြက်သွန်နီများကို ဝယ်ယူရောင်းချကြကြောင်းနှင့် စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူ(ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၇၈၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်ခြောက်ရှည် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ အာလူး  (၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၃၄၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၅၀၀၀)ဖြစ်၍ ယခင်အပတ်ထက် ဈေးအနည်းငယ် ငြိမ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

    စားသုံးဆီများမှာ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၈၅၀၀)ဖြစ်၍ ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်နေကြောင်း ဆီရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။  

DOCA(မကွေး)