စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် Online မေးခွန်းလွှာများကို ဖြေဆိုလေ့ကျင့်

Powered by Drupal

   ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များကို ပိုမိုသိရှိသဘောပေါက်နားလည်ပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားကာ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် အဆင့်လိုက် တစ်ဆင့်မြင့်ရာထူးတိုးများဖြေဆိုရာတွင် သင်ထောက်ကူဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ Online ဖြင့် အပတ်စဉ်ပေးပို့လျက်ရှိသောမေးခွန်းလွှာများကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများအားလုံး စုပေါင်းဖြေဆိုခဲ့ကြသည်။

   အဆိုပါရာထူးတိုးမေးခွန်းများကို ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဝန်ထမ်းများသည် အဖွဲ့များခွဲ၍ အုပ်စုအလိုက် ဖြေဆိုခဲ့ကြပြီး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လမ်းညွှန်ခဲ့ကြောင်းနှင့် မေးခွန်းများကိုဖြေဆိုပြီးနောက် အဖြေလွှာများကို အဖြေမှန်နှင့်တိုက်ဆိုင်စစ်ဆေးခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) အနေဖြင့် Online မေးခွန်းလွှာများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စေ၍ ဝန်ထမ်းတိုင်းဖြေဆိုစေရန်အတွက် အပတ်စဉ်ပေးပို့လျက်ရှိကြောင်းနှင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်မှ ဩဂုတ်လ၊ ပထမအပတ်ထိ Online မေးခွန်းလွှာ(၇)စုံရှိပြီဖြစ်ကြောင်း သိရပါသည်။

DOCA(ကရင်)