ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် ရုံးချုပ်တွင်ကျင်းပပြုလုပ်သော စာကြည့်တိုက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူး၊ စာကြည့်တိုက်မှူး၊ စာကြည့်တိုက်တာဝန်ခံနှင့် ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် နေပြည်တော် (ရုံးချုပ်)၊ ရုံးအမှတ် (၅၂) တွင် ဩဂုတ်လ (၁၄) ရက်နေ့၊ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်သော Virtual Meeting စနစ်ဖြင့်ကျင်းပပြုလုပ်သည့် စာကြည့်တိုက်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါ အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က  တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ ဝန်ထမ်းများအနေဖြင့် ပုဂ္ဂိုလ်ရေးရာခင်မင်မှုရှိစေရန်အတွက် လုပ်ဆောင်ရမည့်လုပ်ငန်းများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန်နှင့် စည်းလုံးညီညွတ်မှုရှိစေရန်အကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး စာကြည့်တိုက်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကိုရှင်းလင်းပြီးနောက် စာအုပ်များကိုစနစ်တကျထားရှိစေရေး၊ သန့်ရှင်းစေရေး၊ မေးခွန်းလွှာများာကိုစနစ်တကျထားရှိကြရန်နှင့် လစဉ်ငှားရမ်းမှုတို့ကို မှတ်တမ်းထားရှိရန်၊ ခရိုင်ဦးစီးမှူးရုံးများတွင်လည်း စာကြည့်တိုက်များထားရှိရန်အကြောင်းတို့ကို အသေးစိတ်ရှင်းလင်းညွှန်ကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)