ဒေသတွင်း စိုက်ပျိုးမှုမရှိသေးသော်လည်း လက်ကျန်များသော ကြက်သွန်နီမှာ စျေးမြင့်လာကြောင်း သိရသည်။ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီကို မိုးစိုက်အနေနှင့် မလှိုင်မြို့နယ်နှင့် ဆောင်းစိုက်ကို ခရိုင်အတွင်း မြို့နယ်အားလုံးတွင် စိုက်ပျိုးလေ့ရှိပါသည်။ ယခုအခါ မိရိုးဖလာအနေနှင့်သာမက ဒေသတွင်း စီးပွားဖြစ်ထွန်းရန် သွင်းအားစုများ ပိုမိုရင်းနှီးမြှပ်နှ့ကာ စိုက်ပျိုးလာကြပါသည်။ သီးနှံပေါ်စက တစ်ပိဿာ (၈၀၀-၁၀၀၀) ကျပ်စျေးရခဲ့ပြီး၊ ယခုအခါတစ်ပိဿာ (၂၃၀၀-၂၅၀၀) ကျပ်ထိ စျေးခေါ်ရောင်းချနေကြပါသည်။ ဒေသတွင်း လှောင်ကုန်ကျန်ရှိမှဒများနေသော်လည်း အခြားစားသောက်ကုန် စျေးများမြင့်တက်လာခြင်းအပေါ် အမှီပြုကာ စျေးမြင့်ခေါ်ယူရောင်းချနေခြင်း ဖြစ်ပါသည်။ ကြက်သွန်နီ၏ သိုလှောင်ကာလမှာ နှစ်ပေါက်အထားခံသော်လည်း ဒေသမျိုးမမှန်သော ကြက်သွန်နီများမှာ အခွံပုပ်ကာ အထားမခံသည့် အနေအထားဖြစ်နေကြောင်း စျေးကွက်မှ သိရသည်။
DOCA(မန္တလေး)