ချောင်းဆုံမြို့၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့ပေါ်ရှိ ရောင်းချလျက်ရှိသည့် အသင့်​သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်တာဝန်ခံနှင့်သက်ဆိုင်ရာဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ချောင်းဆုံမြို့ပေါ်ရှိ မြို့မ (၂) ဈေး၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့ရောင်းချနေသည့်ဆိုင်များသို့သွားရောက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြသည်။ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့မှုကို ပြည်နယ်ဦးစီးမှူးက သွားရောက်ကြီးကြပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)