အ-မ-က (မူလွန်) ဇေတဝန်ဘုန်းတော်ကြီးအတတ်သင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

     ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ဇေတဝန်ဘုန်းတော်ကြီးအတတ်သင်ကျောင်း၊ အ.မ.က (မူလွန်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမအပါအဝင် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၅၅) ဦးတက်ရောက်ခဲ့ကြပါသည်။

   အဆိုပါ ဟောပြောပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဦးအောင်လင်းဦး (ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သည့်အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး (၈) ချက်နှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများနှင့်အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)