မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လမှစ၍ တောင်တွင်းကြီးကုန်စည်ဒိုင်၌ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ငမင်၊ ပင်ညွန့်၊ ဆိတ်ဖူးကျင်း၊ ကိုးပင်၊ ကံဦး၊ ဂွေးကုန်၊ ပန်းသွင်းလေး စသည့်ကျေးရွာများမှ ပဲတီစိမ်းများဝင်ရောက်လျက်ရှိပြီး စျေးကောင်းရရှိလျက်ရှိကြောင်းသိရှိရပါသည်။
ယခင်နှစ်၊ ဇူလိုင်လတွင် ပဲတီစိမ်းသီးနှံပေါ်စ၌ (၁)တင်းလျှင် (၄၈၅၀၀) ကျပ်ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇူလိုင်လတွင် (၁)တင်းလျှင် (၅၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်၊ ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် ပဲတီစိမ်း (၁)တင်းလျှင် (၆၅၀၀)ကျပ်ဖြစ်၍ စျေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တောင်တွင်းကြီးကုန်စည်ဒိုင်မှသိရှိရပါသည်။
DOCA(မကွေး)