ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လတွင်ယခင်နှစ်နှင့် ယခုနှစ်ဖြစ်ပေါ်သော ပဲမျိုးစုံဈေးနှုန်းများ

Powered by Drupal

     ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ်ဖြစ်မှုမှာ သွက်လျက်ရှိပြီး ပဲဈေးနှုန်း မှာလည်း ဩဂုတ်လပထမပတ်တွင် ဈေးတက်လာသည်ကို တွေ့ရပါသည်။

မတ်ပဲ

    ပြည်ကုန်စည်ဒိုင်၏ ယခုနှစ်ဩဂုတ်လပထမပတ်တွင် မတ်ပဲတစ်တင်းကို (၇၇၀၀၀-၇၇၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ တစ်ရက်ကိုအိတ် (၂၀၀)ခန့် ရန်ကုန် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဩဂုတ်လ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၅၈၅၀၀-၅၉၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်မတ်ပဲဈေးမှာ တစ်တင်းကို (၁၈၅၀၀)ကျပ် ခန့် ဈေးပိုရခဲ့ပါသည်။

ပဲတီစိမ်း

 ယခင်နှစ်ဩဂုတ်လပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၄၇၀၀၀-၄၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခုနှစ်ဩဂုတ်လပထမပတ်တွင် ပဲတီစိမ်းအသစ်များကို မန္တလေး အဝယ်တစ်ရက်ကိုအိတ် (၂၀၀/၃၀၀)ခန့် ရှိခဲ့ပါသည်။ ပဲတီစိမ်းတစ်တင်းကို (၆၀၀၀၀-၆၀၅၀၀) ကျပ်ရှိခဲ့ပြီး ယခင်နှစ်ကထက် (၁၂၀၀၀-၁၂၅၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ပဲစင်းငုံ

  ယခုနှစ်ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို (၉၉၀၀၀)ကျပ်ဈေးဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် (၂၅၀)ခန့် ရှိခဲ့ပါသည်။ ယခင်နှစ်ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံ တစ်တင်းကို (၅၈၀၀၀-၅၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်ဈေးမှာ (၄၀၅၀၀-၄၁၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ကုလားပဲ

   ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ်ဩဂုတ်လပထမပတ်၌ ကုလားပဲ(HL) တစ်တင်းကို(၉၀၀၀၀-၉၁၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၀၀၀၀-၉၁၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် နယ်စုံ တင်ပို့မှုရှိခဲ့ပြီး တစ်ရက်ကိုအိတ် (၃၀၀/၄၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဩဂုတ်လ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို(၅၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပြီး ပဲတစ်တင်းကို (၃၅၀၀၀-၃၆၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။ ယခင်နှစ်က မြကြေးမှုံတစ်တင်းကို (၅၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲတစ်တင်းကို (၃၅၀၀၀-၃၆၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ပဲကြီး

    ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်က ဩဂုတ်လပထမပတ်တွင် ပဲကြီး(ကမ်းနား)တစ်တင်းကို (၆၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခုနှစ် ပဲကြီး(ကုန်းပဲ)တစ်တင်းကို (၉၇၀၀၀)ကျပ်၊ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၉၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများက တစ်ရက်ကို အိတ် (၃၀၀/၄၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။

စားတော်ပဲ

   ဩဂုတ်လပထမပတ်တွင် ယခင်နှစ် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၄၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို (၁၀)အိတ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်နှစ်က ဩဂုတ်လ ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၀၀၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခုနှစ် စားတော်ပဲ(ကျွန်း)ဈေးက ယခင်နှစ်ထက် (၄၀၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ဘိုကိတ်

  ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ်ကဘိုကိတ်ပဲတစ်တင်းကို (၃၇၀၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ် ဩဂုတ်လပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၅၈၀၀၀-၆၀၀၀၀)ကျပ်ခန့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၁၄/၁၅)ခန့် အဝယ်ရှိပြီး တခါတရံ ရန်ကုန်သို့ တင်ပို့မှုရှိပါသည်။ ယခုနှစ်ဘိုကိတ်ပဲဈေးမှာ ပဲတစ်တင်းကို (၂၁၀၀၀-၂၃၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

  ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ်ကပဲမျိုးစုံဈေးထက် ယခုနှစ်ပဲမျိုးစုံဈေးက ပိုမိုရရှိခဲ့ပါသည်။ တောင်သူများအနေဖြင့်လည်း သွင်းအားစုဈေးနှုန်းများမြင့်သော်လည်း ယခုနှစ်ပဲဈေးများ ပိုမိုမြင့် တက်မှုကြောင့် ယခင်နှစ်ကထက် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)