ပြည်ကြက်သွန်နီအဝင်နည်း၍ဈေးမြင့်

Powered by Drupal

    ယခုတစ်ပတ် ဩဂုတ်လဒုတိယပတ်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီများ အဝင်နည်းနေပြီး ဈေးနှုန်းမှာ ပျမ်းမျှ ကျပ်(၂၀၀)ခန့် မြင့်တက်သွားကြောင်း သိရပါသည်။ မကွေးတိုင်း ဆိပ်ဖြူ၊ ကျောက်ပန်းတောင်းဘက်မှ ကြက်သွန်နီများ ပိဿာချိန် (၄၂၀၀)ခန့်သာ ရက်ခြားအဝင်ရှိသည့်အတွက် ယခင်ဝင်ရောက်မှုရှိသည့် ပိဿာမှာ (၇၀၀၀)ခန့်ရှိသဖြင့် နှိုင်းယှဉ်လျှင် သိသိသာသာ အဝင်နည်းသွားကြောင်း သိရပါသည်။ အဝင်နည်းသည့်အတွက် ဈေးမြင့်တက်သွားသလို အရောင်းအဝယ်မှာလည်း အဝင်ရှိသလောက်သာ အရောင်းအဝယ်ဖြစ်နေပြီး ပုံမှန်ဝယ်လက်များဖြစ်သော ဒေသတွင်း အိတ်ဆွဲဝယ်ရောင်းသမားများ၊ ပန်းတောင်း (ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း)၊ ရခိုင်(တောင်ကုတ်)နှင့် သာယာဝတီခရိုင်တို့သို့ နယ်ကျော်တိုင်းကျော် စီးဆင်းမှုများအဖြစ် ပုံမှန်ရောင်းဝယ်လျက်ရှိနေပါသည်။ ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် ၂၄၀၀-၂၃၀၀-၂၂၀၀ နှုန်းတို့ရှိပြီး လက်လီဈေး အသေးများတွင် ကျပ် ၂၆၀၀-၂၅၀၀-၂၄၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်း ဝယ်မှုရှိနေကြောင်း သိရပါသည်။

DOCA(ပဲခူး)