ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ တတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ သြဂုတ် ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၁၂၅၀၀၊ မန္တလေးသို့ အိတ်ရေ၂၆၉၀၀၊ နေပြည်တော် သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၅၄၅၀၀၊ တန်အားဖြင့် ၂၇၂၅တန် စီးထွက်ခဲ့ ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄၀၀၀၊မန္တလေးသို့ အိတ်ရေ ၂၆၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၅၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၄၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၅၅၀၀၀၊ တန်အားဖြင့် ၂၇၅၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၊ တန်အားဖြင့် ၂၅တန် ပို၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၅၀၀၀ ၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၈၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ် ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)