စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါ သည်။
ကန့်ဘလူပွဲရုံများအနေဖြင့် ဇူလိုင်လနှင့် ဩဂုတ်လ လဆန်းပိုင်းတို့တွင် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အဝင် /အထွက် တင်း/တန်များ၏ အရောင်းအဝယ်ဖြစ်မှု အခြေ အနေများမှာ ပဲတီစိမ်း (၁၀၅)တင်း/(၉.၆၅)တန် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင် (၅၃၀၀၀/၅၅၀၀၀) ဈေးရှိပါသည်။ မတ်ပဲ (၇၅)တင်း/(၆.၈၉)တန် ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင်(၇၅၀၀၀)ဈေးရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုလားပဲအမျိုးအစား (၄)မျိုးရှိရာ (929)အမျိုးအစားပဲမှာ(၄၅) တင်း/(၄.၂၁)တန် ဝင်ရောက်ပြီး ဈေးနှုန်းမှာ (၈၂၀၀၀)ကျပ်၊ (v7) အမျိုးအစားပဲမှာ(၇)တင်း/(၀.၆၅)တန်၊ ဈေးနှုန်းမှာ(၈၄၀၀၀)ကျပ်၊ (v2)အမျိုးအစားပဲမှာ (၃၀)တင်း/ (၂.၈၁)တန်၊ ဈေးနှုန်းမှာ(၈၄၀၀၀)ကျပ်၊ ၊ ထိုင်ဝမ်အမျိုးအစားပဲမှာ (၇)တင်း/(၀.၆၅)တန်၊ ဈေးနှုန်းမှာ (၇၈၀၀၀)ကျပ်ရှိပါသည်။ ပဲစဉ်းငုံ (၃၀)တင်း/ (၂.၇၆)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၁၀၀၀၀)ဈေးရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ကြက်ဆူ (၄)တင်း/(၀.၂၃)တန် ဈေးနှုန်းမှာ(၃၅၀၀၀)ကျပ်၊ နေကြာ (၃)တင်း/(၀.၁၃)တန် ဈေးနှုန်းမှာ (၄၀၀၀၀)ကျပ်၊ ဘိလပ်စေ့(၁၀)တင်း/(၀.၇၃)တန် ဈေးနှုန်းမှာ(၃၀၀၀၀)ကျပ်နှင့်နှမ်းနက်(၁၀)တင်း/ (၀.၇၃) တန် ဈေးနှုန်းမှာ(၁၂၀၀၀၀)ကျပ်ဖြစ်ပြီး အဝင်/အထွက်နည်းသောသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ပဲစင်းငုံ၊ နေကြာ၊ နှမ်းနက်တို့သည် တောင်သူများမျိုးကျန်များ ထုတ်ရောင်းကြတာဖြစ်သည့်အတွက် အနည်းငယ်သာ အဝင်/အထွက်ရှိကြောင်းနှင့် မိမိတို့ပွဲရုံမှ သီးနှံများကို မန္တလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)