မတ္တရာမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်းများဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများသက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး၊ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်နေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် စနစ်တကျဝယ်ယူနိုင်ရေးတို့အတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

    မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ (၁၁-၈-၂၀၂၃)ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းပြီး စားသုံးသူပြည်သူများထံသို့ စျေးကားများဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၄၆၅၀/-)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ကွင်းဆင်းကြီးကြပ်ရာတွင် မတ္တရာမြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်း (၂)ဦး၊ ရပ်ကွက်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပြီး စားသုံးသူပြည်သူများမှာလည်း သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိခြင်းအတွက် ဝမ်းသာပီတိဖြစ်လျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)