ရွှေဘိုမြို့ ကုန်းဘောင်ဈေးတွင် ဩဂုတ်လ တတိယပတ်၌ ဖြစ်ပေါ်နေသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဩဂုတ်လ တတိယပတ်၌ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာမှ  မှာယူရောင်းချသည့် မာလကာ သီးတစ်လုံးလျှင်(၂၀၀)ကျပ်မှ(၃၅၀)ကျပ်ထိ၊ ရမည်းသင်းမြို့မှ မှာယူရောင်းချသည့်  စပျစ်သီး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ စစ်ကိုင်းမြို့မှ မှာယူရောင်း ချသည့်  နှင်းသီး တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊  ပန်းသီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ ၊မန္တလေး ပွဲရုံများမှ မှာယူရောင်းချသည့်  နာနတ်သီး (သီပေါသီး) တစ်လုံးလျှင် (၆၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ၊ ပင်မှည့်သီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်း ရွာမှ မှာယူရောင်းချသည့်  ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ ဖရဲသီး တစ်လုံးလျှင် (၁၅၀၀)ကျပ် ၊ ပုပ္ပါးမြို့မှ မှာယူရောင်းချသည့်  နဂါးမောက်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ၊ ဒူးရင်းသီး တစ်လုံးလျှင် (၄၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ထောပတ်သီး တစ်လုံးလျှင် (၈၀၀)ကျပ်၊  ဒေသတွင်းမှ ထွက်ရှိသည့် ဩဇာသီး တစ်လုံး (၃၅၀)ကျပ်၊ မင်းကွတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့်   အသီးသီး အရောင်းအဝယ ဖြစ်နေကြောင်း ကုန်းဘောင်ဈေး အတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)