၂၀၂၃ ခုနှစ် ဩဂုတ်လ တတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၀၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၅၀၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍ တစ်ပိသာလျှင်(၂၀၀၀/၂၅၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၈၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၁၀၀၀၀) ကျပ် ယခင်အပတ်ထက်အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဂျင်း တစ်ပိသာလျှင် (၇၀၀၀/၈၀၀၀)ကျပ် ဖြစ်နေပြီး ယခင် အပတ်အတိုင်းတည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူး အသေး/အကြီး အမျိုး အစားအလိုက် တစ်ပိသာ(၃၃၀၀/၃၅၀၀)ကျပ် ယခင်အပတ်ထက်အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ငရုတ်သီးစိမ်း တစ်ပိသာ (၄၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ အကြီး/ အသေးပေါ်တူတည်ပြီး (၂၅၀၀/၂၇၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ ခရမ်းသီး တစ်ပိသာ (၂၂၀၀) ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီ တစ်ပွင့် (၁၈၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၀၀၀) ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၆၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၅၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျက်ရှိနေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စည်းလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ကုန်ဈေးနှုန်းများ လောလောဆယ် အနည်းငယ်မြင့်တက်လျက်ရှိနေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။
ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၈၀)ကျပ်၊ (အသေ)တစ်လုံး (၂၇၀) ကျပ် ၊ ဘဲဥ တစ်လုံး (၃၀၀/၃၅၀)ကျပ်ရှိသည် ။ ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိ သာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၅၀၀) ကျပ် ယခင် ဩဂုတ်လ ပထမအပတ်ထက် ဝက်သား၊ ကြက်သား၊ အမဲသား ဈေးများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရ ပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၅၀၀) ကျပ် မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၅၀၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၆၀၀၀) ကျပ်၊ အကြီး တစ်ပိသာ (၇၅၀၀) ငါးဈေးများမှာ ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါ သည်။
စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၅၅၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်များထက် အနည်းငယ်မြင့်တက်လျက်ရှိပြီး၊ စားအုံးဆီ တစ်ပိသာလျှင် (၁၁၀၀၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၁၀၀၀၀၀)ကျပ် ယခင် အပတ်ထက် တစ်ပိသာ(၅၀၀၀)ကျပ်ပြန်လည်မြင့်တက်လာပြီး အရောင်း အဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)