ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၉) ရက်နေ့မှ ဩဂုတ်လ (၁၅) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၊ ခရမ်း၊ ဝေါမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၈၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ မန္တလေးမှ သရက်သီး (ရင်ကွဲ) အလုံးကြီးတစ်သေတ္တာလျှင် ကျပ်၂၅၀၀၀၊ အလုံးလတ်တစ်သေတ္တာလျှင် ကျပ်၂၀၀၀၀၊ အလုံးသေးတစ်သေတ္တာလျှင် ကျပ်၁၅၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီးတစ်ဖာလျှင် ကျပ်၁၀၀၀၀၊ အလုံးလတ်တစ်ဖာလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်ဖာလျှင် ကျပ်၆၀၀၀၊ ရေးမှ ဒူးရင်းသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၆၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၄၀၀၀၊ ကျောက်ဆည်မှ ရွှေဌက်ပျောသီးအလုံးကြီး (၁) ဖီးလျှင် ကျပ်၆၀၀၀၊ အလုံးသေးတစ်ဖီးလျှင် ကျပ်၃၅၀၀၊ မန္တလေးမှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၊ ကလောမှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၅၆၀၀၀၊ အလုံးသေးတစ်ပုံးလျှင် ကျပ်၄၂၀၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFVP)မှသိရှိရပါသည်။
DOCA(ရန်ကုန်)