ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် (၁၀-၈-၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မြို့မစည်ပင်သာယာဈေးနှင့် ဈေးကွက်များရှိ စားသောက်ကုန်စုံပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ပြီး အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခဲ့ကြောင်းသိရပါသည်။
ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများထံ အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သော စားသုံးဆီ၊ အချိုရည်၊ သောက်ရေသန့်အမျိုးမျိုးတို့နှင့် အခြားထုပ်ပိုးပြီးသား စားသောက်ကုန်ပစ္စည်းများကိုရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသောစားသောက်ကုန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာမပါရှိသော စားသောက်ကုန်ပစ္စည်းများ၊ သက်တမ်းကုန်နေသောအစားအသောက်များကိုရောင်းချခြင်းမပြုစေရေး စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အကြံပြုဆွေးနွေးကာ သက်ဆိုင်ရာဌာနများကတားမြစ်ထားသေ ာစားသောက်ကုန်ပစ္စည်းများကိုဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ လုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)