ကသာမြို့တွင် ဩဂုတ်လ တတိယအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

    ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် ဩဂုတ်လ တတိယအပတ်  ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ဧရာမင်း ဆန်တစ် အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၁၂၀၀၀)ကျပ် ရှိကြောင်း သိရသည်။ ဩဂုတ်လ ဒုတိယအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး မြေပဲဆီဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့်၊ စားအုန်းဆီဈေးနှုန်းမှာ ကျပ်(၂၀၀၀)ခန့် မြှင့်တက်လာသည်ကို တွေ့ရှိရသည်။

    စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး အသေး/အကြီး ပေါ် မူတည်၍ တစ်ပိဿာ (၂၅၀၀ မှ ၃၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၂၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ အလုံး အသေး/အကြီးပေါ်မူတည်၍ (၃၂၀၀ မှ ၃၅၀၀)ကျပ်၊ ဂျင်း တစ်ပိဿာ (၆၀၀၀) ကျပ်၊ ကုလားပဲတစ်ပိဿာ(၇၂၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာ (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ(၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၅၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။

     အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၂၄၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၈၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥ တစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ စားဖိုဆောင်သီးနှံ ဈေးနှုန်းများမှာ ဩဂုတ်လ ဒုတိယအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ် ကြည့်ပါက ခရမ်းချဉ်သီးဈေးနှုန်းမှာ ကျပ်(၂၀၀ မှ ၃၀၀)ခန့်၊ ငရုတ်(စို)ဈေးနှုန်းမှာ ကျပ်(၁၈၀၀)ခန့် ဈေးနှုန်းမြှင့်တက်လာသည်ကို တွေ့ရှိရပြီး ဂျင်းဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့်ကျဆင်းကာ အသား/ငါးဈေးနှုန်း နှင့် ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း တွေ့ရှိရပါသည်။

DOCA(စစ်ကိုင်း)