စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်များအနေဖြင့် ရွှေဘိုနှင့် ရေဦးခရိုင်တို့တွင် ဧရာမင်းစပါးလက်ကျန် မရှိသလောက်နည်းပါနေကြောင်း၊ တောင်သူများ စပါးလက်ကျန်နည်းပါးလာပြီး အဝယ်များနေခြင်းကြောင့် ခရိုင်အားလုံး ဈေးအနည်းငယ်တက်နေပြီး ကသာခရိုင်တွင်သာ ‌‌ဈေးအေးနေပါကြောင်း သိရှိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဩဂုတ်လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေး နှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၅,၀၀၀ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်၂,၉၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၈,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း)(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ် လျှင်ကျပ် ၁၃၅,၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ် ၁၃၈,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၂,၅၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၂,၄၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၁၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၀၅၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁,၉၅၀,၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၁,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၂,၁၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၈၅,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၄၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၁၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၁၅၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၈၀၀,၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ ဩဂုတ်လ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆,၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၃,၇၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၀၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၄,၀၀၀၊ ကချင်သို့ အိတ်ရေ ၂၀၀၊ စုစုပေါင်း အိတ်ရေ (၅၃,၅၀၀)အိတ်၊ တန်အားဖြင့် (၂,၆၇၅) စီးထွက်ခဲ့ပြီး၊ ယခု ဩဂုတ်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၂,၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈,၇၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၄,၅၀၀၊ ကချင်သို့ အိတ်ရေ ၁,၂၀၀၊ စုစုပေါင်း အိတ်ရေ (၅၆,၅၀၀)အိတ်၊ တန်အားဖြင့် (၂,၈၂၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၃၀၀၀) တန်အားဖြင့် (၁၅၀) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)