မကွေးတိုင်းဒေသကြီး၌ Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲ (၈/၂၀၂၃) ကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၇-၈-၂၀၂၃)ရက်နေ့၊ နေလယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်တက်စေရေးအတွက် Thursday Talk အသိပညာပေးသင်တန်းများကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ စီမံ(ထွေ)ဌာနစိတ်မှ ဦးရဲမင်းသိန်း(ဦးစီးမှူး)က တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာသိကောင်းစရာများ(၂)မှ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့်လုပ်ငန်းလမ်းညွှန်ချက်များကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဒေါ်ဇင်ဝေဦး(ဒု-ဦးစီးမှူး)က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း (Labelling) အကြောင်းကိုလည်းကောင်း၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ရီရီထွေး(ဒု-ဦးစီးမှူး)က  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးခြင်းအကြောင်းကိုလည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများ၏ သိရှိလိုသည်များကိုမေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် ဟောပြောဆွေးနွေးပွဲရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများ၊ စုစုပေါင်း(၃၃)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။  

DOCA(မကွေး)