![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/294.jpg?itok=RsEGVkiM)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ်လ(၁၈) ရက်နေ့တွင် အောင်ဇမ္ဗူဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူများအတွက် အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များအကြောင်းနှင့် ဖော်ပြရမည့်အချက်အလက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်၍ အန္တရာယ်ရှိသောဆိုးဆေးများ၊ တားမြစ်ထားသောစားသောက်ကုန်များ၊ နစ်နာမှုများကြုံတွေ့ရပါက တိုင်ကြားနိုင်မည့်နေရာများနှင့် ဖြေရှင်းချက်များ၊ အစားအသောက်များကို ချက်ပြုတ်မစားသောက်မီ သတိပြုဆင်ခြင်ရမည့်အချက်များအပြင် အစားအသောက်ခွင့်ပြုထောက်ခံချက်များအကြောင်းတို့ကိုဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ မ၊ ကျောင်းသား/သူစုစုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)