၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၇ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၃၁) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ဦးစီးအရာရှိ ဒေါငြိမ်းမြတ်ကျော်က ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲလုပ်ငန်းဆိုင်ရာအကြောင်းကိုဆွေးနွေးခြင်း၊ စီမံရေးရာဌာနခွဲမှ အကြီးတန်းစာရေး ဦးနိုင်လင်းထက်က သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ပုံသေပိုင်ကိစ္စရပ်များကိုဆွေးနွေးခြင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဒု-ဦးစီးမှူး ဒေါ်ဇာဇာဝင်းက မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)