ကျိုက်မရောမြို့နယ်၊ အ-ထ-က (ခွဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာဌာနများအလိုက် သိသင့်သိထိုက်သည့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကျင်းပပေးလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၈ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာ အ-ထ-က (ခွဲ) ကျောင်း၌ အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ မိမိတို့ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကသေချာစွာဖတ်ရှုပြီးမှသာ ရွေးချယ်ဝယ်ယူစားသောက်သင့်ကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ Consumer Call Center No. (1535) သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm Website တွင်လည်းဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၃၀) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

    ထို့နောက် ကျောင်းဝင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချလျက်ရှိသော အသင့်စားမုန့်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပြီးနောက် ဈေးသည်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)