အုတ်တွင်းမြို့နယ် မူ/လွန် တလုတ်ကုန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    အုတ်တွင်းမြို့နယ်၊ တလုတ်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း၍ကျင်းပခဲ့ပါသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာ၌ ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကိုဦးစားပေးဖတ်ရှုရန်၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားသည့် ကုန်စည်များကိုသာဝယ်ယူရန်နှင့် ကုန်အညွှန်းအမှတ်အသားအတိုင်း လိုက်နာသုံးစွဲကြရန်တို့အတွက် လိုအပ်သည်များကိုဟောပြောဆွေးနွေးခဲ့ပါသည်။

    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ဆွေးနွေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၅၂ဦးတက်ရောက်ကြောင်းသိရပါသည်။

DOCA(ပဲခူး)