၂၀၂၃ ဩဂုတ်လတွင် ကရင်ပြည်နယ်နယ်၌ သွင်းအားစုမြေဩဇာအချို့ ဈေးနှုန်းအနည်းငယ်တက်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လနောက်ဆုံးအပတ်တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းနှင့် ယခုလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများ နှိုင်းယှဉ်ချက်အရ 15-15-15 ၅၀ ကီလိုတစ်အိတ် လျှင် ယခင် ၁၃၅၀၀၀ ကျပ် မှ ၁၄၅၀၀၀ ကျပ်ဖြင့် တစ်အိတ်လျှင် ၁၀၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ရွှေကောမတ် 20-12-12 ၅၀ကီလို တစ်အိတ်လျှင် ယခင် ၁၁၀၀၀၀ကျပ်မှ ယခု ၁၁၅၀၀၀ ကျပ်ဖြင့် တစ်အိတ်လျှင် ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ THAI ၅၀ကီလိုတစ်အိတ်လျှင် ၇၅၀၀၀ကျပ်မှ ၈၅၀၀၀ ကျပ်ဖြင့် တစ်အိတ်လျှင် ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပုလဲသာရွှေနဂါး ၅၀ကီလို တစ်အိတ်လျှင် ယခင် ၇၃၀၀၀ ကျပ်မှ ယခု ၇၈၀၀၀ ကျပ်ဖြင့် တစ်အိတ်လျှင် ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီး ဈေးတက်ခဲ့ပြီး ဂျစ်ဆန်၊ ဆိုက်ပါ၊ အလန်း 15W၊ ဆာလဖာတို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)