ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အ-ထ-က (၁) ကျောင်းတွင် စားသုံးသူအသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းများပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အ-ထ-က (၁) ကျောင်း၌ (၁၀-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်အေးမျိုးရွှေက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် လက်ရှိထမ်းဆောင်နေသည့် လုပ်ငန်းများအကြောင်း၊ ပြည်ခရိုင်၊ စားသုံးသူရေးရာနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ တာဝန်ခံ ဦးစီးမှူး ဦးနိုင်လင်းထွန်းက စားသုံးသူရေးရာဦးစီးဌာနမှ ပြဋ္ဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိရမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း စသည်တို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ ကျောင်းသူ/ ကျောင်းသားများနှင့် ဆရာ/ ဆရာမများစုစုပေါင်း (၃၈၇)ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

    ဆက်လက်၍ အ-ထ-က (၁) ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသောမုန့်များတွင် သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ဟုတားမြစ်ထုတ်ပြန်ထားသော အစားအသောက်များ၊ သက်တမ်းလွန်မုန့်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုမရှိသောကုန်စည်များ ရောင်းချမှုမရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးခြင်နှင့် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့် အသေးစိတ်အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကိုလည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)