ပန်းတောင်းမြို့နယ်တွင် နွေစပါးများရိတ်သိမ်းခြွေလှေ့

Powered by Drupal

   ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နွေစပါးများစိုက်ပျိုးထားသော ကွင်းအမှတ် (၉၇)၊ နွေစပါးများရိတ်သိမ်းခြွေလှေ့သောနေရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု၊ ဒေါင်းမြတ်နားကျေးရွာရှိ နွေစပါးစိုက်ပျိုးသော တောင်သူ ဦးစောမြင့်နှင့်တွေ့ဆုံ၍ မေးမြန်းခဲ့ရာ နွေစပါးကို တစ်ဧကစိုက်ပျိုးထားရှိပြီး စိုက်ပျိုးသည့်စပါးမျိုးမှာ ထိုင်းနှံကောက်စပါးမျိုးဖြစ်ပြီး တစ်ဧကလျှင် တင်း(၇၀)ခန့်ထွက်ရှိကြောင်းသိရပါသည်။ တစ်ဧကလျှင် ရိတ်သိမ်းခြွေလှေ့စက်ခအနေဖြင့် (၉၀၀၀၀)ကျပ်ကုန်ကျကြောင်းသိရပါသည်။ ယခုအချိန်တွင် စပါးဈေးအနေဖြင့် ခြွေလှေ့စက်မှထွက်ရှိလာသော စပါးအစို (၅၄) ပေါင်ပါ တင်း(၁၀၀)လျှင် (၁၆၀၀၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ နွေစပါးအထွက်နှုန်းမှာ တခြားမြို့နယ်များထက်နည်းသော်လည်း ဈေးပိုရသောကြောင့် တောင်သူများအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)