တောင်ငူမြို့တွင် အခြေခံစားကုန်များ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူမြို့နေပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်များကိုယ်တိုင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးရှိ သံတောင်လမ်းမကြီးဘေးတွင် တိုက်ရိုက်အရောင်းဆိုင်များဖွင့်၍ ရောင်းချပေးလျက်ရှိပါသည်။

        ၁၅.၈.၂၀၂၃ ရက်နေ့တွင် တောင်ငူမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းက ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ပဲခူးခရိုင် ဆီကုန်သည်အသင်းမှ ဆီအရောင်းဈေးကားသည် စားအုန်းဆီ ၅၀ ကျပ်သား တစ်ဘူးလျှင် ၂၆၀၀ ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ဘူးနှုန်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

         မွေးမြူရေးလုပ်ငန်းရှင်များကလည်း အမဲသား တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ပေါင်သား ၁၅၀၀၀ ကျပ်၊ သုံးထပ်သား ၁၄၀၀၀ ကျပ်နှင့် အရိုး ၈၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

      တောင်ငူမြို့အနီးတဝိုက်ကျေးရွာများမှ တပိုင်တနိုင်စိုက်ပျိုးသူများက ဟင်းသီးဟင်းရွက်များကို လာရောက်ရောင်းချလျက်ရှိရာ ကျောက်ဖရုံသီး တစ်လုံးလျှင် ၅၀၀ ကျပ်၊ ရွှေဖရုံသီး တစ်လုံးလျှင် ၁၀၀၀ ကျပ်၊ ဘူးသီးတစ်လုံးလျှင် ၅၀၀ ကျပ်၊ သခွားသီး တစ်ပိဿာ ၁၄၀၀ ကျပ်၊ ခရမ်းသီး တစ်ပိဿာ ၁၂၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ ငရုပ်သီးစိမ်း ၁၀ ကျပ်သား ၅၀၀ ကျပ်၊ နံနံပင် ၁၀ ကျပ်သား ၅၀၀ ကျပ်၊ ဖရုံရွက် တစ်စည်း ၅၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက် တစ်စည်း ၂၀၀ ကျပ်နှင့် ကန်စွန်းရွက် တစ်စည်း ၁၀၀ ကျပ်ဖြင့် ၁၅.၈.၂၀၂၃ ရက်နေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)