![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/23.21.jpg?itok=hLe4VRvQ)
ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာတွင် ဒေသဝက်များကို တပိုင်တနိုင်မွေးမြူရေး လုပ်ငန်းများရှိပါသည်။ လက်ရှိ ဒေသဝက် အများဆုံးမွေးမြူထားသူများမှာ ဦးကြည်စိုးအောင်က ၃၆ ကောင်နှင့် ဦးသန်းနိုင်က ၂၇ ကောင် မွေးမြူထားရှိပါသည်။
ဒေသဝက်မွေးမြူသူများအနေဖြင့် သားဖောက်ဝက်မနှင့် ဝက်သိုးကို ဝယ်ယူထားပြီး ကိုယ်တိုင်သားဖောက်မွေးမြူလျက်ရှိပါသည်။ ဝက်ပေါက်ဝယ်လျှင်လည်း ရေတာရှည်မြို့နယ်တွင်း နှင့် တောင်ငူမြို့နယ်တို့ရှိ ဒေသဝက်မွေးမြူသူများထံမှ ဝယ်ယူပါသည်။ ၄၅ ရက်သား ဝက်ပေါက် တစ်ကောင်လျှင် ၁၄၅၀၀၀ ကျပ်ပေးရပါသည်။
ဝက်စာဈေးနှုန်းမှာ ဝက်ငယ်များအတွက်အစာဈေးအကြီးဆုံးဖြစ်ပြီး ၃၀ ကီလိုဂရမ်အိတ် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်မှ ၇၃၀၀၀ ကျပ်အထိရှိပါသည်။ ဝက်အလတ်အစာမှာ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ဖြစ်ပြီး ဝက်အကြီးအစာမှာ တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်မှ ၄၈၀၀၀ ကျပ်အထိ ရှိပါ သည်။
ဝက်ငယ်အတွက် အစာတစ်အိတ်လျှင် ဝက်ငယ် ၁၀ ကောင်ကို (၇)ရက် ကျွေးရပါသည်။ ဝက်ကြီးအစာမှာ တစ်အိတ်လျှင် ဝက်ကြီး ၁၀ ကောင်ကို တစ်ရက်ကျွေးရပါသည်။ ဒေသဝက်မှာ အသက် ၆ ပြည့်လျှင် အလေးချိန် ပိဿာ ၆၀ ခန့်ရှိပါသည်။ ဝက်ဒိုင်များက ဝက်ကြီးတစ်ကောင်ကို ကတ္တားတင်ပြီး တစ်ပိဿာလျှင် ၈၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ ပေး၍ဝယ်ယူကြောင်း ဒေသဝက် မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။
DOCA(ပဲခူး)