တောင်ငူမြို့သို့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ကွမ်းသီးများ ဝင်ရောက်လျက်ရှိရာ ဘောဂလိဒေသမှထွက်သော ရွေးကွမ်းသီးအလုံး (အသေး)မှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ အလတ်မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိရှိပါသည်။
ကွမ်းသီးပြောင်မှာ အလုံးသေး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်၊ အလုံးလတ် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ အလုံးကြီး တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် အထိရှိပါသည်။
ကွမ်းယာကွမ်းမှာ ဟင်္သာတကွမ်း တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်အထိ မြင့်တက်ခဲ့သော်လည်း ယခုအခါ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးနှုန်းပြန်လည် ကျဆင်းခဲ့ပါ သည်။
ကွမ်းနုဝါမှာ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်အထိမြင့်တက်ခဲ့သော်လည်း ယခုအခါ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ၊ မုံရွာကွမ်းမှ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်အထိ မြင့် တက်ခဲ့သော်လည်း ယခုအခါ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းပြန်လည်ကျဆင်းကြောင်း သိရပါသည်။
DOCA(ပဲခူး)