စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၅-၈-၂၀၂၃) ရက်နေ့မှ (၁၆-၈-၂၀၂၃) ရက်နေ့အထိ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၈/၂၀၂၃)အား ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းတစ်ဦးချင်း Capacity ပြည့်ဝစေရေး၊ စွမ်းဆောင်ရည်မြင့်တက်စေရေးအတွက် ယခုကဲ့သို့ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအရည်အသွေးတိုးတက်မြင့်မားစေရေး အားထုတ်ကြိုးပမ်းစေလိုကြောင်း၊ ဆွေးနွေးသည့်ပုဂ္ဂိုလ်များအနေဖြင့်လည်း သေချာလေ့လာပြင်ဆင်၍ စေတနာထားပြီး ပို့ချပေးခြင်းဖြစ်သောကြောင့် သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းတွင် မကွေးဂျာနယ်မှ ဦးမြင့်ဇော်ဦး (တာဝန်ခံအယ်ဒီတာ) က Short Video မည်ကဲ့သို့စတင်တည်ဆောက်ကြမလဲနှင့် Video ဆောင်ရွက်ပုံအဆင့်ဆင့်အကြောင်းနှင့် သတင်းရေးသားရာတွင် လိုက်နာရမည့် သတင်းသမားကျင့်ဝတ်၊ သတင်းဓာတ်ပုံရိုက်ကူးရာတွင် ကြိုတင်ပြင်ဆင်ရမည့်အပိုင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ သရက်ခရိုင်ဦးစီးမှူးနှင့် ငွေစာရင်းဌာနခွဲတာဝန်ခံ(တိုင်းရုံးတွဲဖက်) ဦးတင်ထွေး(ဦးစီးအရာရှိ)က ငွေစာရင်းဆိုင်ရာကိစ္စရပ်များမှ ရသုံးမှန်းချေငွေစာရင်းရေးဆွဲခြင်းအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးမဉ္ဇူခိုင်(ဦးစီးအရာရှိ)က (Work Ethics and Self Reflection) အကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်စန္ဒာစိုးလွင်(ဦးစီးမှူး)က စစ်ဆေးရေးမှူးများလိုက်နာရှောင်ကြဉ်ရမည့်အချက်များကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးဝင်းထွန်း(ဦးစီးမှူး)က သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း Power Point များဖြင့် အသေးစိတ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောသင်တန်းသားများ၏ သိလိုသည်များမေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းနည်းပြများ၊ စုစုပေါင်း(၃၄)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)