အိမ်ရှင်မများအတွက် မရှိမဖြစ်သော စားဖိုစောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီမှာ ဈေးမြှင့်တက်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ကြက်သွန်နီကုန်ဝယ်ဒိုင်သို့ အနယ်နယ်အရပ်ရပ်မှ ကြက်သွန်နီများအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဒိုင်ဖြတ်လက်ကားဈေးမှာ ယောစ(ဂျွန်) ထိပ်စတစ်ပိဿာလျှင် (၂၅၀၀-၂၄၅၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၂၂၀၀-၂၁၅၀)ကျပ်၊ အနိမ့်စတစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ မြင်းခြံခရိုင်၊ တမိုက်သာမြို့နယ်မှ ကြက်သွန်နီဈေးမှာ ထိပ်စတစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၂၃၅၀)ကျပ်၊ အနိမ့်စတစ်ပိဿာလျှင် (၂၃၀၀)ကျပ်၊ မုံရွာပုလဲစ ထိပ်စတစ်ပိဿာလျှင် (၂၃၇၅)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဝင်ကုန်ချိန်အနေဖြင့် တစ်နေ့လျှင် ကုန်ချိန်(၂၅၀၀၀-၆၅၀၀၀)အထိအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။
ဆိပ်ဖြူကုန်စည်ဒိုင်၏ ဒိုင်ပြတ်လက်ကားဈေးမှာ ထိပ်စတစ်ပိဿာလျှင် (၂၃၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ အနိမ့်စတစ်ပိဿာလျှင် (၁၈၀၀)ကျပ်ဖြစ်ပြီး ကုန်အဝင်ပိဿာချိန်မှာ နေ့စဉ် ပိဿာချိန် (၁၀၀၀၀-၂၀၀၀၀)အထိအရောင်းအဝယ်ဖြစ်နေပါသည်။ ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ရောင်းချနေသောလက်လီဈေးမှာ ကြက်သွန်နီအရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် (၂၆၀၀) ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ အနိမ့်စတစ်ပိဿာလျှင် (၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း၊ မြဝတီမြို့များသို့ တင်ပို့လျက်ရှိကြောင်း ကုန်သည် ပွဲစားများထံမှသိရှိရပါသည်။
DOCA(မကွေး)