မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

Powered by Drupal

 ယခုအခါတွင် မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရာသီတုပ်ကွေးရောဂါများ အများအပြားဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများအား ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြပါသည်။ အိမ်သုံးဆေးဝါးများမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ဒုတိယအပတ်) တွင် ဈေးနှုန်းများအတက်အကျရှိကြောင်းသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(ဒုတိယအပတ်)တွင် မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်း ဖြစ်ပေါ် လျက်ရှိသော အိမ်သုံးဆေးဝါးနှင့် အားဆေးများ၏စျေးနှုန်းများမှာ Decolgen (၁၀)လုံးပါ တစ်ကတ်လျှင် (၁၄၅၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ တစ်ဘူးလျှင် (၁၅၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ တစ်ကတ်လျှင် (၃၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ တစ်ကတ်လျှင် (၉၀၀)ကျပ်၊ Amoxicillin အလုံး (၁၀၀)ပါ တစ်ဘူးလျှင် (၅၇၀၀)ကျပ်၊ Bermeton အလုံး(၁၀၀)ပါ တစ်ဘူးလျှင် (၁၆၀၀)ကျပ်၊ Cetrine (၁၀)လုံးပါ တစ်ကတ်လျှင် (၁၅၀)ကျပ်၊ Enervon-C (၄)လုံးပါ တစ်ကတ်လျှင် (၁၄၅၀)ကျပ်၊ Oramin-G (၅)လုံးပါ တစ်ကတ်လျှင် (၃၂၅၀)ကျပ်၊ Becozinc (၁၀)လုံးပါ တစ်ကတ်လျှင် (၃၇၀၀)ကျပ်၊ Vitahome (၁၀)လုံးပါ တစ်ကတ်လျှင် (၁၇၅၀)ကျပ်၊ Supradyn (၁၀)လုံးပါ တစ်ကတ်လျှင် (၁၈၃၅၀)ကျပ်၊ SaRa (၁၀)လုံးပါ တစ်ကတ်လျှင်  (၁၀၅၀)ကျပ်၊ Vitacee (၁၅)လုံးပါတစ်ကတ်လျှင် (၄၃၀၀)ကျပ်၊ Flemex (၁၀)လုံးပါ တစ်ကတ်လျှင် (၃၂၀၀)ကျပ်၊ Solmux (၄)လုံးပါတစ်ကတ်လျှင် (၁၁၀၀)ကျပ်၊ Wood (၁၅)လုံးပါ တစ်ဘူးလျှင် (၈၀၀၀)ကျပ်၊ Alexal (၁၀)လုံးပါ တစ်ကတ်လျှင် (၂၁၀၀)ကျပ်၊ Mexagrip (၄)လုံးပါ တစ်ကတ်လျှင် (၇၅၀)ကျပ်၊ ဓာတ်ဆား MPF တစ်ထုပ်လျှင် (၃၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း ဆေးဆိုင်များမှလေ့လာသိရှိရပါသည်။

DOCA(မကွေး)