စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့်စာသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေး၊ စာအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ (၂၁-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်နေ ပြည်သူများအား ကရင်ပြည်နယ်၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းက ဈေးကားဖြင့် စားအုန်းဆီ (၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ ဘူးခွံတစ်ဘူးလျှင် (၅၀၀)ကျပ်၊ စုစုပေါင်းစားအုန်းဆီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြန့်ဖြူးရောင်းချပေးနေမှုအား ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သွားရောက်ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီဈေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ တိုက်ရိုက်ဝယ်ယူနိုင်ရေးနှင့် စားအုန်းဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)