
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ မန်လုံး၊ ဟူးမန်း၊ ကုန်းသာ၊ ပိန်းလုံးကျေးရွာများတွင် နေထိုင်လျက်ရှိသော မိသားစုဝင်တချို့မှာ လက်ဖက်လုပ်ငန်းအပြင် တောင်ယာစပါးများပါ စိုက်ပျိုးလာကြကြောင်းသိရပါသည်။
လက်ဖက်တောင်သူများမှာ လက်ဖက်လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြသော်လည်း ဝမ်းစာအတွက် တစ်နိုင်တစ်ပိုင် တောင်ယာစပါးများစိုက်ပျိုးလာကြသည်မှာ ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်းသိရပါသည်။
တောင်ယာစပါးများ စိုက်ပျိုးလာပုံအဆင့်ဆင့်မှာ တပို့တွဲလ၊ တပေါင်းလများတွင် တောခုတ်ရှင်းလင်းပြီး တန်ခူးလတွင် စပါးမျိုးစေ့များကို စတင်စိုက်ပျိုးကြောင်း နယုန်လတွင် တစ်ကြိမ်၊ ဝါခေါင်လတွင် တစ်ကြိမ် ပေါင်းရှင်းကြကြောင်း၊ တန်ဆောင်မုန်းလမှသာလျှင် စပါးများရိတ်သိမ်းကြကြောင်း၊ စပါးများစိုက်ပျိုးခြင်းကြောင့် မိသားစုများလုံလောက်စွာစားသုံးနိုင်ပြီး အဆင်ပြေလျက်ရှိကြောင်းသိရှိပါသည်။
DOCA(ရှမ်း)