ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ နမ်ခေး၊ ကုလား၊ မိုးဟိန်းကျေးရွာများနှင့် အခြားကျေးရွာများတွင် မိသားစုဝင်ငွေရရှိရန်အတွက် ဒေသအာလူးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းတွေ့ရှိရပါသည်။
နမ့်ဆန်မြို့နယ်အတွင်း အာလူးစိုက်ဧက(၂၅)ဧကရှိပြီး မတ်လမှ ဇွန်လအထိ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပြီး သုံးလ၊ လေးလအတွင်း အပင်များခြောက်သွေ့လာချိန်တွင် တူးဖော်ရကြောင်း၊ ထွက်ရှိလာသောအာလူးများကို ကာလပေါက်ဈေး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)မှ ကျပ်(၃၀၀၀)အထိ အလုံးအရွယ်အစားပေါ်မူတည်၍ ဈေးအသီးသီးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် နမ့်ဆန်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရပါသည်။
အာလူးစိုက်ပျိုးခြင်းကြောင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိပြီး တစ်ဖက်တစ်လမ်းဝင်ငွေအဖြစ်လည်းရပ်တည်လျက်ရှိနေကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)