စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဩဂုတ်လ စတုတ္ထပတ်တွင် ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး သြဂုတ်လ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၁၀၅၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဩဂုတ်လ စတုတ္ထအပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၁၀၉၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၈၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျင် (၄၀၀)ကျပ်နှင့် နှမ်းဆီသန့် တစ်ပိဿာလျင် (၅၀၀)ကျပ် ဈေးနှုန်းအသီးသီး မြင့်တက်ခဲ့ပြီး ပဲဆီသန့်ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)