ကရင်ပြည်နယ်ထွက် Rss 3 ရော်ဘာဈေးနှုန်းမြင့်တက်နေ

Powered by Drupal

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် ကရင်ပြည်နယ်နယ်ထွက် RSS 3 ရော်ဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ၁၅၀၀ကျပ်မှ ၁၆၈၀ကျပ်အထိဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

    ပွင့်လင်းရာသီ ရော်ဘာအစေးခြစ်ချိန်ရာသီအတွင်း ကရင်ပြည်နယ်ဒေသထွက် RSS 3 အမျိုးအစား ရော်ဘာ ၁ပေါင်လျှင် ၁၂၁၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မိုးဦးကျအစေးခြစ်ကာလပြီးဆုံးချိန်တွင် တစ်ပေါင်လျှင် ၁၃၄၀ကျပ်ဖြင့် ဈေးပိတ်ခဲ့ရာမှ တဖြည်းဖြည်းဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ယခုဩဂုတ်လတွင် ၁၅၀၀ကျပ်မှ ၁၆၈၀ကျပ်အထိမြင့်တက်လာပါသည်။ လက်ရှိအချိန်တွင် ကရင်ပြည်နယ်၌ RSS 3 နှင့် RSS 5 အမျိုးအစား ၂မျိုးတို့မှာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး RSS 5 အမျိုးအစားမှာ  တစ်ပေါင်လျှင် ၁၆၄၀ကျပ်ဖြစ်ကြောင်းနှင့် ယခုမိုးကာလမှာ ကရင်ပြည်နယ်တွင် ရော်ဘာစိုက်တောင်သူအများစုအနေဖြင့် ရော်ဘာအစေးခြစ်လုပ်ငန်းများရပ်နား၍ မြေပြုပြင်ခြင်း၊ ခြံရှင်း/ ခြုံခုတ်နှင့် အပင်အစာကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ဆဲကာလဖြစ်ကြောင်းနှင့် ရော်ဘာဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လာမည့်အစေးခြစ်ကာလတွင် လုပ်ငန်းရှင်များအနေဖြင့် ရော်ဘာလုပ်ငန်းလုပ်ကိုင်ကြခြင်းဖြင့် အကျိုးအမြတ်ပိုမိုရရှိလာနိုင်ဖြစ်ကြောင်း သိရပါသည်။

DOCA(ကရင်)